Wednesday, April 2, 2008
ကိုယ်တိုင်ကိုယ်ကျပေးလှူကူညီကြပါတယ် ...
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
7:05 PM
0
comments
Links to this post
ထိန်ကုန်း နှင့် နတ်ဝင်း မီးဘေးအလှူ
စိတ္တသုခပရဟိတလူငယ်များအနေနဲ့ မီးဘေးကယ်ဆယ်ရေးအလှူအဖြစ်
ယနေ့ မွန်းလွဲ ၁နာရီက ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရှိ မီးဘေးကယ်ဆယ်ရေးစခန်းမှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။
ယနေ့လှူဒါန်းဖို့အတွက် အစီအစဉ်အနေနဲ့ ဆန်၊ ဆား၊ ဆပ်ပြာစတဲ့ နေ့စဉ်အသုံးအဆောင်များ လှူဒါန်းဖို့ပါ။
ကျွန်တော်တို့ဆီကို ဥရောပ-အာရှ မှ ဆက်သွယ်မှုဖြင့် ဆန်အိတ်များပါဝင်လှူဒါန်းမယ်လို့ သိရပါတယ်။
ဒါကြောင့် မီးဘေးကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ကိုယ်တိုင်ကိုယ်ကျခွဲဝေလှူဒါန်းခွင့်ရရှိရေး
ဆွေးနွေးခဲ့ပါတယ်
နှစ်ကြိမ်ဆွေးနွေးပြီး စခန်းသိမ်းမည့်ရက်ကို နောက်ဆုတ်ကာ တနင်္လာနေ့ မွန်းလွဲ ၁နာရီမှာ မီးဘေးသင့်ခံရသူများထံ တိုက်ရိုက်လှူဒါန်းခွင့်ရရှိခဲ့ပါတယ်။
ဒါကြောင့် ယနေ့ မွန်းလွဲ ၁နာရီမှာ
စိတ္တသုခပရဟိတလူငယ်များမှ ဆန် ၇အိတ်၊ အိုင်အိုဒင်းဆား၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်ထုပ်၊ အ၀တ်အထည်များစသော တန်ဖိုးငွေကျပ် ၇သိန်းကျော်
ကရုဏာကောင်းကင် အဖွဲ့မှ ပဲအိတ် ၄အိတ် တန်ဖိုး ကျပ်တစ်သိန်းကျော်
ဥရောပအာရှမှ ငွေကျပ် ၁၀သိန်းခန့် တန်ဖိုးရှိသော ဆန်အိတ်များ
ကို စိတ္တသုခပရဟိတလူငယ်များက တာဝန်ယူပြီး မီးဘေးသင့်ခံရသူများလက်ဝယ် တစ်အိမ်ထောင်စုချင်း ဝေငှပေးနိုင်ခဲ့ပါတယ်။
ထို့အတူ စွမ်းအားလျှပ်စစ်မှ ဦးအောင်ဇော်ဝင်းနှင့်ရောင်းရင်းများက ငွေကျပ် ၃၅သိန်းနှစ်သောင်းကို တစ်အိမ်ထောင်စုလျှင် ၈ထောင်ကျပ်နှုန်းဖြင့် ဝေငှပေးလှူဒါန်းခဲ့ပါတယ်။
စိတ္တသုခပရဟိတလူငယ်များနဲ့အတူ ကရုဏာကောင်းကင် အဖွဲ့သားများလည်း ချွေးတလုံးလုံးဖြင့် ပါဝင်လို့ ဆောင်ရွက်ကြတာ ပျော်စရာပါပဲ။
ချွေးစက်များထက် ပီတိက ပိုနေကြပါတယ်။
ဆန်သုံးပြည်စီနဲ့အတူ လှူဒါန်းတဲ့ပစ္စည်းများကို အိတ်များနဲ့ခွဲထုတ်ရတာပါ
အထုပ်ပေါင်း ၄၄၀ထုပ်ရတာဆိုတော့
ဆန်က ထွက်တဲ့ အမှုန်းများနဲ့ လူတွေလဲ ဖွေး၊ နေကလည်းပူ၊ ချွေးကလည်းထွက်နဲ့
အားလုံး ပျော်ပျော်ပါးပါး လုပ်ကြ ကိုင်ကြ ၀ိုင်းကြ သိုင်းကြတာ
ကျေနပ်သလို
လှူဒါန်းခွင့်ရရေး ပါဝင်ဆောင်ရွက်ပေးတဲ့ ဒေသခံ အဖွဲ့အစည်းများ၊ တာဝန်ရှိသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိရပါတယ်။
မီးဘေးကယ်ဆယ်ရေးအတွက် ထိန်ကုန်းကအပြန် နတ်ဝင်းမီးလောင်မှုအတွက်လည်း ၀င်ရောက်လှူဒါန်းခဲ့ကြရတဲ့အတွက်
၁ရက်မှာ နှစ်နေရာ လှူဒါန်းနိုင်ခဲ့ပါတယ် .....။
Posted by
စိတ္တသုခ-ပရဟိတလူငယ်
at
6:46 PM
0
comments
Links to this post




